အသိပေးခြင်း...(လ၀်ဟှိုင့်သီးယာ့ဝးကိုဝ်ဟှာဍေစေ၀်လှ်)

လေးစားအပ်ပါသောကရင်ညီကို၊ မောင်နှမများတို့…… ဤဘလော့သည် အမျိုးသားရေး၊ ဘာသာရေးကိုအခြေခံထားကာ သတင်း၊ဆောင်းပါးစသည်ကိုတင်ပြသွားမှာဖြစ်ပါသည်။ ဘာသာရေးဆိုတဲ့အချက်မှာလည်း လူမျိုးတိုင်းသည် လွတ်လပ် စွာယုံကြည်ကိုးကွယ်ကြကာ မိမိတို့၏လူမျိုးအတွက်တစ်ထောင့်တစ်နေရာစွမ်းနိုင်သလောက်လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ ဤဇွဲကပင်ပညာဒါနအသင်းသည် ပြည်ပရောက်ကရင်ရဟန်းတော်များအား ထောက်ပံ့ခြင်းအားဖြင့် တစ်နေ့တစ်ချိန်တွင် ဒို့ကရင်များအတွက် တစ်စိတ်တစ်ပိုင်းအားဖြင့် ကျေးဇူးပြုနေမည်ဟု ယုံကြည်မိပါသည်။ ဒါကြောင့် ဤအဖွဲ့အစည်းသည် ကရင်ဗုဒ္ဓဘာသာရဟန်းတော်များ ဦးဆောင်လုပ်ရှားသောအဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း ဘာသာရေးအတွက်တစ်ခု တည်းသာမဟုတ်ပဲ၊ အဓိကအားဖြင့် မိမိလူမျိုးအတွက်နှင့် နောင်လာလူငယ်များ (generation) အတွက် ရည်ရွယ်ဖွဲ့စည်း ထားခြင်းဖြစ်ပါသည်။သို့ဖြစ်ပါ၍ ဤဘလော့သည် ဘာသာတရားအချင်းချင်းဝေဖန်တိုက်ခိုက်ခြင်း၊စည်းရုံးသိမ်းသွင်းခြင်း စသည်နှင့်ပတ်သက်သော သတင်း၊ ဆောင်းပါး၊ဓာတ်ပုံ၊ကဗျာများကိုလုံးဝမတင်သလို စီဘောက်စ်တွင်ညီညွတ်ရေးကို ပျက်ပြားစေတဲ့ဘာသာရေးအကြောင်းအရာ၊ အသုံးအနှုံးများရေးသားပါက ဖေါ်ပြမည်မဟုတ်ကြောင်းစာဖတ်သူအားလုံး အသိပေးးအပ်ပါသည်။ {ဇွဲကပင်မိသားစု}

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ် (၉) ရပ်ကွက်
ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်းအတွင်း၌
နယ်သိမ်း၍ သမုတ်အပ်သော ”ပညာရံသီ” သိမ်တော်၏
သြဘာစာတမ်း
++++++++++++++++++++++++++
ဇေယတု သဗ္ဗမင်္ဂလံ ။

အောင်သူတကာတို့၏သေဌ်နင်း မင်းတကာတို့၏ သရဖူ သယမ္ဘူဇိန လောကထွဋ်တင် သနင်္ကူဦးနိမ် ဒေ၀ိန္ဒာအစစ် ဓမ္မရာဇ်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားသည်၊ သုံးပါးလောကတွင် ဝေနေယျမှန်စွာ ဗြဟ္မာ နတ်လူ ဟိန္ဒကူတို့ကို ကယ်ယူသယ်ဆောင် နိဗ္ဗာန်သောင်သို့ ရောက်အောင်ပို့မည်ဟု အစုစုအလီလီ ပါရမီအစားစားတို့ကို ကိုယ်အားတော် ဉာဏ်အားတော်ရှိသမျှထုတ်ဖေါ်လျှက် ဖြည့်တော်မူပြီးနောက်-
သင်္ချေလေးရပ် တစ်သိန်းကပ်ကို ဇာတ်အသွယ်သွယ် နွယ်အ၀၀ ဘ၀များစွာဖြင့် ကျော်လွန်တော်မူ ပြီးလျှင် ဤဘဒ္ဒကပ်ကာလ၀ယ် ဂေါတမဟူသောအမည်တော်ဖြင့် ဘုရားမြတ်အစစ် ဖြစ်ပွင့်တော်မူ ခဲ့ပါသတည်း။
နယ်သိမ်း၍ သမုတ်ခြင်းသည်ကား တစ်ခုသောပကတိဂါမခေတ်အတွင်း၌ သိမ်သမုတ်လိုကြ ကုန်သော ရဟန်းတို့သည် ၎င်းဂါမခေတ်အတွင်းရှိ ဗဒ္ဓသိမ်အပိုင်းအခြားမှ ပြင်ပသို့မထွက်ကြကုန် လင့်ဟု တမန်စေခိုင်းပြောကြားခြင်းဟူသော (ဗဟိကရဏ သီမာ ၀ိသောစန = နယ်သိမ်းခြင်း)-

အဗဒ္ဓသိမ်ကျောင်းနေရဟနုးတို့ကို သိမ်သမုတ်ရာဌာန၌ တစ်ပေါင်းတည်းစည်းဝေးစေခြင်း ဟူသော (ဟတ္တပါသာနနယ သီမာ ၀ိသောစန = နယ်သိမ်းခြင်း)-

သိမ်သမုတ်ရာ ဂါမခေတ်အတွင်းရှိ ဆန္ဒာရဟ ရဟန်းတို့၏ ဆန္ဒကိုဆောင်ယူစေခြင်းဟူသော (ဆန္ဒာရဟဏ သီမာ ၀ိသောစန = နယ်သိမ်းခြင်း)- အားဖြင့်ဤသုံးပါးတို့ပင်တည်း။

နယ်သိမ်း၍ သမုတ်အပ်သော ပြန့်သင်းနာမ ”ပညာရံသီ” မင်္ဂလာမှည့်ခေါ် ဤသိမ်တော် ကြီးသည်ကား ခေတ်ကာလအားလျော်စွာ ပကတိဂါမမှ နယ်သိမ်း၍ ခွဲထုတ်သမုတ်ရာဝယ် ပွတ်သစ် စခရုသင်းနှယ် စင်ကြယ်စေခြင်းငှါ သတ်မှတ်ရာဌာနထက် ပြင်ပသို့ ပိုထွက်၍ သံဃာတော် လေးပါး ထက်မနည်း ထိုင်နေလေအောင် အကွက်, အ၀န်းပြုလုပ်ပြီးလျှင် သိမ်နုတ်ခြင်းအမှုပြုလုပ်ကြရာ၌ ၀ိမတိ ၀ိသောဓနီဋီကာ, ၀ိနယာလင်္ကာရဋီကာနှင့် အာစရိယ၀ါဒလာလာသမျှသော အခြေခံတို့နှင့် ဧ၀ကန်ညီစေလျှက် အ၀ိပ္ပ၀ါသ သမာန ဆက်တွဲပြီး အနည်းနည်းရွတ်ဖတ်၍ သိမ်စပ်, သိမ်လွမ်း ပြစ် မစွန်းရအောင် အစွမ်းရှိသမျှ သိမ်နုတ်တော်မူကြပါသတည်း။ ဤသို့လျှင် တိဝိနယာစရာ များသံဃာ တို့ ခါခါကြိမ်ကြိမ် သိမ်နုတ်, သိမ်ရှင်းပြုလုပ်ခြင်းတို့တွင် ရှင်းလင်းသံသယကင်းရှင်းပ၍ မိုးဝစန္ဒာ ပြည့် ၀န်းစွာသို့ သီမာဒေါသ သမ္ဘေဒ အဇ္စျေတ္ထရဏတို့မှ မုချကင်းရာနှစ်မျိုးသော ကမ္မ၀ါစာတို့ကို (လင်္ကျာ ရစ်, ခရုပတ်အထပ်ထပ်အကြိမ်ကြိမ် အချိန်မလပ် ကြက်ခြေခတ်, ပျားကြီးစွဲ) အနဲနဲလူးလားအခါခါနုတ် ကြပြီးနောက်-

၁၃၇၃-ခုနှစ် ဟေမန္တ -ဆောင်းဥတု၊ တပို့တွဲလပြည့်ကျော် (၈) ရက်၊ (၁၅-၂-၂၀၁၂) ဗုဒ္ဓဟူးနေ့ ည ( 12 ) နာရီ ( ) မိနစ် အချိန်တွင် မရွေ့အမှန် သီမာသမ္မုတိကံကို စီမံပြုလုပ်ကြရာဝယ် -
(က) ဘဒ္ဒန္တနန္ဒိယ (ဇမ္ဗူမြိုင်ဆရာတော်)
(ခ) ဘဒ္ဒန္တကုဏ္ဍလ (မဲဘောင်ကျောင်း စာချဆရာတော်)
(ခ) ဘဒ္ဒန္တဣဿရိယ (မြိုင်သဇင်ဆရာတော်)
(ဃ) ဘဒ္ဒန္တက၀ိဓဇ (ဇွဲကပင်တောင်ဆရာတော်)
(င) ဘဒ္ဒန္တတေဇိန္ဒ (မိုးကယ်ကျောင်းဆရာတော်)
(စ) ဘဒ္ဒန္တ၀ိဇ္ဇာနန္ဒ (ကျောင်းထိုင်ဘုန်းကြီးကျောင်းဆရာတော်)
(ဆ) ဘဒ္ဒန္တသုဇာတ (ပြည်နယ်ကမ္မဋ္ဌာန်းကျောင်းဆရာတော်)
(ဇ) ဘဒ္ဒန္တဥတ္တရ (ဓမ္မ၀ါသီကျောင်းစာချဆရာတော်)
(ဈ) ဘဒ္ဒန္တဣန္ဒက (၀ါဆိုဦးကျောင်းဆရာတော်)

ဤဆရာတော်ကိုးပါးတို့ကို ဦးထိပ်ခေါင် ရွက်ဆောင်တော်မူစေလျက် အခြေအနေအရ အမှတ် (၉) ရပ် ကွက်ကို နယ်သိမ်း၍ အုတ်အုတ်ကျွတ်ကျွတ် သံဃာကုန်ရုံးလျက် ကြေးစည်သံ, ခေါင်းလောင်းသံ, မောင်းသံအစုံတီးခတ်ကုန်၍ အစုံသံဃာခိုက်အခါဝယ် သီမာ သမူဟနန ကမ္မ၀ါစာကို နှစ်ဖြာဆက်စပ် လျက် ဗဟိုရ်ရပ်ဝတ္ထုမှ အသံညီငေါ် ရွတ်ဖတ်တော်မူကြပြီးလျှင် ရှစ်မျက်နှာနိမိတ်ကျောက်ကိုထား၍-
(၁) တနင်္လာနံ - အရှေ့အရပ်မှ ဦးကုဝေရ
(၂) အင်္ဂါနံ - အရှေ့တောင်ထောင့်အရပ်မှ ဦးဉာဏောဒယ
(၃) ဗုဒ္ဓဟူးနံ - တောင်အရပ်မှ ဦးဝိသုခ
(၄) စနေနံ - အနောက်တောင်ထောင့်အရပ်အမှ ဦးတေဇနိယ
(၅) ကြာသာပတေးနံ - အနောက်အရပ်မှ ဦးမေဓာနန္ဒ
(၆) ရာဟုနံ - နောက်မြောက်ထောင့်အရပ်မှ ဦးဝါရိန္ဒ (ခေမာရာမ)
(၇) သောကြာနံ - မြောက်အရပ်မှ ဦးသောပါက
(၈) တနင်္ဂနွေနံ - အရှေ့မြောက်ထောင့်အရပ်မှ ဦးဣန္ဒာစာရ
လောကသစ္စံ နသစ္စံနှင့် မဆန့်ကျင်ရန် နေ့နံအလိုက် နိမိတ်စောင့်ကြကုန်လျက်-
(က) ဘဒ္ဒန္တက၀ိဓဇ (ဇွဲကပင်တောင်ဆရာတော်)
(ခ) ဘဒ္ဒန္တတေဇိန္ဒ (မိုးကယ်ကျောင်းဆရာတော်)
(ဂ) ဘဒ္ဒန္တ၀ိဇ္ဇာနန္ဒ (ကျောင်းထိုင်ဘုန်းကြီးကျောင်းဆရာတော်)
ဤသုံးပါးသသောဆရာတော်ဘုရားကြီးတို့က တစ်ပါးစီတစ်ပါးစီကြွကာ ရှစ်မျက်နှာသိမ်နိမိတ်တို့ကို မဆိတ်မေးမြန်း ရှစ်ခန်းလှည့်လည်၍-

(ပုရတ္ထိမာယ ဒိသာယ ကိံ နိမိတ္တံ-မှ ပုရတ္ထိမာယ ဒိသာယ ကိံ နိမိတ္တံ) အထိ ထပ်မိသည့်တိုင်-
အယံ ဧသော ပါသာဏော နိမိတ္တံ-ဟု အနီးညွန်သဒ္ဒါ, အဝေးညွန်သဒ္ဒါတို့ကိုမြွက်ဆိုကာဖြင့် အတည် ပြု၊ အနီးကြား, အဝေးကြားဖြင့် စကားမြွက်ဖေါ် မိန့်ကြားတော်မူပြီးနောက် -
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘဒ္ဒန္တက၀ိဓဇ (ဇွဲကပင်တောင်ဆရာတော်)က သံဃာတော်ဘောင်မှ ထရပ်၍ အရပ်ရှစ်မျက်နှာ လှမ်းမျှော်လျက် ဖေါ်ပြပါ အစဉ်ရပ်ခွင် ထပ်မိအောင် စစ်မေး၍ -

ဧသော -ခေါ် အဝေးကြားဖြင့် စကားမြွက်ဟ အတည်ပြုတော်မူကြပြီးနောက် ကြွလာသမျှ သံဃာ တော်အ၀၀တို့ကို-
(သမာနသံဝါသက သီမာ သမ္မုတိ ကမ္မ၀ါစာ - အစ အ၀ိပ္ပ၀ါသ သီမာ သမ္မုတိ ကမ္မ၀ါစာ-အဆုံး) နှစ်ဆောင်လုံးထင်ရှား ကိုးထပ်တိုင်တိုင် ဖတ်ကြား၍ ရွှင်အားရစွာ ညီညာဖေါ်ထုတ် သိမ်သမုတ်တော် မူကြသည်နှင့် တပြိုင်နက် ဤပညာရံသီ-မည်သော မင်္ဂလာသိမ်တော်ကြီးသည် နှစ်သာသနာ (၂၅၅၀) ခု စွန်းခိုက် မြန်မာတိုက်၌ ကြုံကြိုက်ဝေါဟာ ကောဇာသက္ကရာဇ် (၁၃၇၃) ခုနှစ်၊ တပို့တွဲလ ပြည့်ကျော် (၈)ရက် ဗုဒ္ဓဟူးနေ့ ည ( ၁၂ ) နာရီ ( ၂၀ ) မိနစ် အချိန်ဝယ် ဘူမျံ ဗွေချာ ဤဒေသာမှ သီမာ နိမိတ်ကျောက်အတိတ်သည် မဆိတ်လျင်စွာ လွမ်းမိုးကာနှင့် ကမ္ဘာမြေထု ဟင်းလင်းပြုသို့ ပံသုသီလာ ဖေါက်ကွဲကာဖြင့် သီမာ သမ္မုတိ ရှိန်ဣဒ္ဓိက ၀ါရိဝါရီ အရောက်ချီလျက် သျှရီနိမိတ် အောင်အတိတ်ကို ဆောင်ချိတ်ဆက်စပ်စေပြီးသော်-

ဤမြေ၀သုံ လူတို့ဘုံမှ အဟုန်ပြင်းစွာ ဘ၀ဂ္ဂါထိ ဇေယျာသိငြိတ်အောင်နိမိတ်ကို မဟိဒ္ဓိစိုး တန်ခိုးကြီး မြတ်အနတ်နတ်နှင့် မလပ်ဗြဟ္မာ မင်းတကာတို့ ပြင်းစွာလက်ပမ်း ဘ၀ဂ်လွှမ်းအောင် ဆက်ကမ်းခတ် တည်း သောင်းသောင်းချီး၍ ပေါင်းစည်းဆောင်ဖန် အခေါင်လျှံလျက် အောင်သံဟစ်ကြွေး သာဓု သံ အောင်စည်တီး၍ ကောင်းချီးပေးကြကုန်ရာသတည်း။

”ပညာရံသီ” သိမ်တော်၏ သိမ်အောင် သြဘာစာတမ်းပြီး၏

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ကုန်း၊ အမှတ် (၉)ရပ်ကွက်မှာရှိသော ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း (ခွဲကဘောင်ပညာ့ဖေါ့ကလိုဘယာ)အတွက် သိမ်ကျောင်းဆောင်ဖြစ်မြောက်ရေး သိမ်သမုတ်ပွဲကို ၁၃၇၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၈)ရက် (၁၅-၂-၂၀၁၂) ဗုဒ္ဓဟူးနေ့တွင် သိမ်သမုတ်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။
၎င်းသိမ်သမုတ်ပွဲအစီအစဉ်မှာ ၁၃၇၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၈)ရက် (၁၅-၂-၂၀၁၂)တနင်္ဂနွေနေ့တွင် ဘားအံမြို့ရှိကျောင်းတိုက်သံဃာတော်များနှင့် အမှတ် (၉)ရပ်ကွက်အတွင်းရှိ သံဃာတော်များစုစုပေါင်း သံဃာပါးရေ (၁၄၀) ကျော်ဖြင့် ညနေ (၅:၃၀) အချိန်တွင် ကမ္မ၀ါစာနဲ့နည်းစုံလင်စွာဖြင့် သိမ်နုတ်ခဲ့ကြပါသည်။

ည (၁၁: ၃၀)အချိန်တွင် ဘားအံမြို့ပေါ်ရှိ ဇွဲကပင်တောင်ဆရာတော်၊ ဇမ္ဗူမြိုင်ကျောင်းဆရာတော်အပါအ၀င် ဆရာတော်ကြီးများကြွရောက်ကာ သိမ်သမုတ်ပွဲကို စတင်ခဲ့ကြပါသည်။ ၎င်းသိမ်သမုတ်ပွဲမှာ …
(၁) ဦးစွာ မြတ်ဗုဒ္ဓရဲ့နှုတ်ကပတ်မှမြွက်ကြားအပ်သော ပရိတ်ကြီး (၁၁) သုတ်ကိုရွတ်ဖတ်ခြင်း
(၂) ထိုနောက် သိမ်နိမိတ်ကြားခြင်း
(၃) ထိုနောက် ဆရာတော်ကြီး (၉)ပါးမှာ သုံးပါးတစ်တွဲဖြင့် ကမ္မ၀ါစာရွတ်ဖတ်ခြင်း ….အဆုံး (၁၂: ၂၀) အချိန် တွင် ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်းဝင်းရှိ သိမ်ဆောင်ကို ”ပညာရံသီ” အမည်ဖြင့် အောင်မြင်စွာသိမ်သမုတ် နိုင်ခဲ့ကြပါသည်။

ဒါကြောင့် ထိုသိမ်နုတ်၊ သိမ်သမုတ်ပွဲကို ကိုယ်တိုင်ကိုယ်ကျမကြည်ညိုရသော ”ဇွဲကပင်ပညာဒါနအသင်း” ရဲ့ အသင်းသူ၊ အသင်းသားများနှင့် ”ဇွဲကပင်ပညာဒါနအသင်း”ကို မိမိစွမ်းအားရှိသလောက်ပါဝင်လှူဒါန်းကူညီပေး ခဲ့ကြသော စေတနာရှင်သူတော်စင်များအားလုံး ၀မ်းမြောက်နုမော်သာဓုခေါ်နိုင်စေရန် သတင်းကောင်းပါးလိုက် ရပါသည်။

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း သိမ်သမုတ်ပွဲ မှတ်တမ်းဓာတ်ပုံများ

သိမ်နုတ်၊ သိမ်သမုတ်အတွက် မြေဇယားကွက်ပုံ


သံဃာတော်များ သိမ်နုတ်စဉ်


















သိမ်တည်ဆောက်ရန်အတွက် အုဌ်မြစ်ချပုံ

အုဌ်မြစ်ချပြီး စုပေါင်းအမှတ်တရဓာတ်ပုံ

မှတ်တမ်း = နဲာမေဓာနန္ဒ

(၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအလှူပွဲကို (၂၉-၁-၂၀၁၂) တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ နွန်ထဘူရီ၊ ၀တ် နခွန်အင်ကျောင်းတွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။ ဇွဲပညာဒါနအသင်းသည် တစ်နှစ်လျှင် (၂)ကြိမ်ဖြင့် ကျင်းပလာခဲ့သည်မှာ အခုဆိုရင် (၁၄) ကြိမ်တိုင်တိုင်ရောက်ရှိလာခဲ့ပါပြီ။ ဒါကြောင့် အားလုံးသော အနီးအဝေးမှာရှိကြတဲ့ ဇွဲကပင်ပညာဒါနအသင်းကိုထောက်ပံ့လှူဒါန်းကြတဲ့အလှူရှင်၊ အလှူမများ ၀မ်းမြောက်သာဓုခေါ်နိုင်ရန် ဒီဇွဲကပင်ပညာဒါနအသင်းဆိုက်ကနေတဆင့်ဖေါ်ပြလိုက်ပါတယ်။


(၁၄ ) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးပွဲကို အောက်ပါအစီအစဉ်ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်…

၁။ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ”နမော တဿ” (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း

၂။ မိဂဒါယဖေါ့မူယှာ့ကုံလွဲာမှ ”ပုဂ်ထင်း”လ်ုဝါ်ဖြင့် ရွတ်ဖတ်ပူဇော်ခြင်း

၃။ နာယကဆရာတော် က်ုဆာကျာ်ကုမာရ (လိုင့်ပါးဘာ.)ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ပြီး ဆရာတေ်၊ သံဃာတ်ေတို့က ပရိတ်တရားချီးမြင့်ခြင်း

၎။ နာယကဆရာတော် က်ုဆာကျာ်ပုည (၀တ်ကျာဒဲကျောင်း) မှ ဧည့်ပရိတ်သတ်တို့အား သြ၀ါဒကထာ (ဆုံးမစကား) မိန့်ကြားခြင်း

၅။ ဇွဲကပင်ပညာဒါနအသင်းရဲ့ ဥက္ကဋ္ဌဆရာတော်က်ုဆာကျာ်ဣန္ဒာစာရက ဇွဲကပင်ပညာဒါနအသင်းရဲ့ ရယ်ရွယ် ချက်၊ လုပ်ဆောင်ချက်တွေကို ဧည့်ပရိတ်သတ်တို့အားမိန့်ကြားခြင်း

၆။ အသင်းရဲ့ စည်းလုံးညီညွတ်မှုနဲ့တည်ဆောက်ရမည့်အကြောင်းကို မာန်နဲာမေဓာနန္ဒမှ မိန့်ကြားခြင်း

၇။ အသင်း၏ (၆) လပတ်အတွင်း ၀င်ငွေ၊ ထွက်ငွေစာရင်းကို ဘဏ္ဍာရေးမှူးက်ုဆာကျာ်ကုဝေရ (နွန်ထဘူရီ) မှ ရှင်းလင်း တင်ပြခြင်း

၈။ မာန်နဲာဉာဏောဒယ (ခ်ုလိုဝ်)မှ ဧည့်ပရိတ်သတ်တို့အား တရားရေအေးတိုက်ကြွေးခြင်း

၉။ ဧည့်ပရိတ်သတ်တို့က လှူဒါန်းဖွယ်ရာဒါန၀တ္ထုများကို ဆရာတော်၊ သံဃာတော်များအားဆက်ကပ်လှူဒါန်းပြီး
ရေစက်သွန်းချအမျှပေးဝေခြင်း

၁၀။ မိဂဒါယဖေါ့မူယှာံကုံလွဲာမှ ”အေင်ပြီ” ကဗျာဖြင့် ရွတ်ဖတ်ပူဇော်ခြင်း

၁၁။ (၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးအလှူပွဲပြီးဆုံး၍ ” ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” (၃) ကြိမ်ဖြင့် ရွတ်ဖတ်၍ အခမ်းအနားကိုရုပ်သိမ်းခြင်း

အထက်ပါအစီအစဉ်များဖြင့် (၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း၏ အလှူပွဲကို အောင်မြင်စွာကျင်းပခဲ့ ပါသည်။
ဒါကြောင့် ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ ဇွဲကပင်ပညာဒါအသင်းကို အားပေးထောက်ပံ့လှူဒါန်းကြတဲ့ သူတော်စင် ဒါယကာ၊ ဒါယိကာမအားလုံး သာဓုခေါ်ဆိုနိုင်ရန် ဒီဆိုက်ကနေ အသိပေးတင်ပြလိုက်ရပါသည်။

အခမ်းအနားကျင်းပရာဓာတ်ပုံမှတ်တမ်းများ....















(၅) ကြိမ်မြောက် ဇွဲကပင်ညာဒါနအသင်းအဖွဲ့ခွဲ (ဟါယိုင်မြို့-ထိုင်းနိုင်ငံ) အစည်းအဝေးအလှူပွဲကို
(၂၃-၁-၂၀၁၂) တနင်္ဂနွေနေ့တွင် ထိုင်းနိုင်ငံ၊ ဟါယိုင်မြို့တွင်အောင်မြင်စွာကျင်းပြခဲ့ပါသည်။ ထိုင်းနိုင်
ငံ၊ ဟါယိုင်မြို့ရှိ ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲသည် ၂၀၁၀-ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး ၎င်း၏အစည်း
ပွဲကို (၆)လလျှင် တစ်ကြိမ်ဖြင့် ပုံမှန်ကျင်းပလာခဲ့ပါသည်။ ဒီတစ်ကြိမ်ဆိုလျှင် (၅)ကြိမ်မြောက်အစည်း
အဝေးအလှူပွဲလည်းဖြစ်ပတယ်။ ထိုင်းနိုင်ငံ၊ တောင်ပိုင်း ဟါယိုင်မြို့သည် ကရင်ပြည်နယ်၊ ကြာအင်း
ဆိပ်ကြီးမြို့နယ်မှ ကရင်၊ မွန်၊ ထားဝယ်အများစုလာရောက်အလုပ်လုပ်ကိုင်ကြတဲ့ဒေသတစ်ခုလည်းဖြစ်
ပါသည်။



အောက်ပါအစီအစဉ်အတိုင်းအခမ်းအနားကို ကျင်းပခဲ့ပါသည်...

၁။ နမော တဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခြင်း
၂။ မာန်နဲာဉဏောဒယထံမှ ဧည့်ပရိတ်သတ်များ ငါးပါးသီလခံယူပြီး မာန်နဲာကျာ်များပရိတ်တရားများရွတ်
ဖတ်ခြင်း
၃။ ဇွဲကပင်ပညာဒါနအသင်း၏ ဖွဲ့စည်းရခြင်းအကြောင်းနှင့် ရည်ရွယ်ချက်တွေကို နဲာမေဓာနန္ဒမှ အလှူ
ရှင်များအားမိန့်ကြားခြင်း
၎။ ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်မြို့)မှ အဖွဲ့သူ၊ အဖွဲ့သားများအား ”စည်းလုံးညီညွတ်ရေး”
အကြောင်းကို နဲာဣန္ဒာစရိယမှ ဟောပြောခြင်း
၅။ မာန်နဲာဉာဏောဒယ (ခလို)မှ ဧည့်ပရိတ်သတ်အလှူရှင်များအားတရားရေအေးတိုက်ကျွေးခြင်း
၆။ ဇွဲကပင်ပညာဒါနအသင်း အဖွဲ့ခွဲ (ဟါယိုင်)မှ အသင်းခေါင်းဆောင် စောစိန်ဋ္ဌေး၊ မ၀်ကျဝ်သောင့်ပြား
တို့က ၀မ်းမြောက်ကြောင်းစကားပြောကြားခြင်း
၇။ (၅) ကြိမ်မြောက်အလှူပွဲအတွက် ရငွေ၊ ကုန်ငွေစာရင်းကို စောအောင်ကိုဝင်းမှ ရှင်းပြခြင်း
၈။ ဧည့်ပရိတ်သတ်အလှူရှင်များက မာန်နဲာကျာ်တို့အား လှူဒါန်းဖွယ်ရာအလှူဝတ္ထုများဆက်ကပ်လှူဒါန်း
ပြီး ရေစက်သွန်းချက်အမျှပေးဝေခြင်း
၉။ ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု (၃)ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း

အထက်ပါအစီအစဉ်များဖြင့် (၅)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟါယိုင်)အစည်းအဝေး
အလှူပွဲကိုအောင်မြင်စွာ ကျင်းပခဲ့ပါသည်။

အလှူပွဲမှတ်တမ်းဓာတ်ပုံများ...




နောင်တ မရကြေး

Posted by Karen Dana Association (K.D.A) Thursday, January 12, 2012 0 comments


လူတိုင်းလူတိုင်းမှာ အခက်အခဲ အကြပ်အတည်းနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့အချိန်မျိုး ရှိခဲ့ကြဖူးမှာပါနော်.. ရွေးချယ်စရာတစ်ခုခုကို ဘယ်လမ်းကို ရွေးချယ်ရမှန်းမသိ ဗျာများခဲ့ကြဖူးပါလိမ့်မယ်.. အဲဒီရွေးချယ်စရာ ၂ခုထဲမှာမှ တစ်ခုခုကို ရွေးချယ်ပြီးပြီဆိုခဲ့ရင်တော့ ဘာကြောင့်ဘဲ ဖြစ်ဖြစ် ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်တာ ဖြစ်လို့ နောင်တ မရကြေးက အကောင်းဆုံး မဟုတ်လား.. ရွေးချယ်တော့မယ်ဆိုရင် ဘ၀မှာ အဓိက ဦးစားပေးသင့်တာကို သေချာစဉ်းစားပြီး ရွေးချယ်ရမှာပါဘဲ.. ရွေးပြီးပြီ ဆိုရင်တော့ ဘယ်လိုရလာဒ်ကို ရလာသည်ဖြစ်စေ၊ ကျေနပ်စွာ လက်ခံရမှာဘဲ ဖြစ်ပါတယ်…. ဒီနေရာမှာ ဆုံးဖြတ်ချက်ချတာနဲ့ စပ်လျဉ်းပြီးတော့ ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်ထဲက လူတစ်ယောက် အကြောင်းကို ပြန်ပြောင်းပြီး ပြောပြချင်ပါတယ်..

၁၉၂၄ ခုနှစ်က ပဲရစ်မှာ ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ ပထမဦးဆုံးအနေနဲ့ နိုင်ငံတကာ ကနူးလှေလှော်ပြိုင်ပွဲကို စပြီးထည့်သွင်းကျင်းပဖို့ ကြော်ငြာပါတယ်.. အဲဒီကနူးလှေပြိုင်ပွဲမှာ ပါဝင်တဲ့ အားကစားသမား လေးယောက် လှော်ရတဲ့ ကစားနည်းမှာမှ အနိုင်ရမယ်လို့ ရေပန်းစား ထင်ကြေးပေး ခံရဆုံး အသင်းက USA အသင်းဘဲ ဖြစ်ပါတယ်.. အဲဒီ ပြိုင်ပွဲဝင်ဦးရေ ၄ယောက်ပါဝင်ယှဉ်ပြိုင်ရတဲ့ ကနူးလှေလှော် အသင်းထဲမှာ ပါဝင်တဲ့ အငယ်ဆုံး အားကစားသမားက ဘီလ် ဟေဗင် ဖြစ်ပါတယ်..

အိုလံပစ်ပြိုင်ပွဲ နီးလာတဲ့အချိန်မှာ တိုက်ဆိုင်တာက ဘီလ်ရဲ့ ဇနီးဟာ ပထမဆုံး သားဦး ကိုယ်ဝန်ကို မီးဖွားဖို့ အဆင်သင့်ဖြစ်နေပါပြီ. သူမ မီးဖွားမဲ့ရက်ဟာလည်း ဘီလ်တို့ ပဲရစ်ကို ပြိုင်ပွဲ သွားဝင်မဲ့အချိန် ဖြစ်နေပါတယ်.. ၁၉၂၄ခုနှစ်အချိန်ဆိုတာ အမေရိကနဲ့ ပြင်သစ်ပြည်တို့ဟာ လေကြောင်းလိုင်းတွေ မရှိသေးတဲ့အချိန် ဖြစ်ပါတယ်.. ပြိုင်ပွဲဝင်ဖို့ သွားမယ်ဆိုရင် သမုဒ္ဒရာကိုဖြတ်လို့ သဘောင်္နဲ့ ရက်အတော်ကြာ သွားရတဲ့ ရေကြောင်းခရီးသာ ရှိပါတယ်.. ဒီတော့ ဘီလ်ခင်မျာ ပြိုင်ပွဲနဲ့ ဇနီး မီးဖွားမဲ့အရေးကြားမှာ ဗျာများပြီး အကျပ်ရိုက်နေရှာပါတော့တယ်.. သူ့ဇနီး သားဦးလေးမွေးဖွားမဲ့အချိန်ကို လစ်လျူရှုပြီး ပြိုင်ပွဲကိုပဲ ဆက်ဝင်ရမလား.. ဒါမှမဟုတ် ပြိုင်ပွဲကို သွားမပြိုင်တော့ပဲ ဇနီးမီးဖွားတာကို စောင့်ဖို့ ပြိုင်ပွဲက နှုတ်ထွက်လိုက်ရမလား ဆိုတာ ဝေခွဲမရ ဖြစ်နေပါတယ်..

ဘီလ်ရဲ့ ဇနီးကတော့ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ သူ့ကို တွန်းအားတွေ ပေးရှာပါတယ်.. ဘာလို့ဆိုတော့ ဒီအိုလံပစ် ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်ခွင့်ရဖို့ဆိုတာဟာလည်း ဘီလ်အမျှော်လင့်ခဲ့ဆုံး စိတ်ကူးအိပ်မက်တစ်ခုလည်း ဖြစ်ခဲ့တာကို သူ့ဇနီးက သိထားပြီးသားပါ။ ဒါကြောင့်လည်း ဘီလ်အတွက် ဆုံးဖြတ်ချက်ချဖို့ တွေဝေနေတာ၊ ခက်ခဲနေတာ ဖြစ်ပါတယ်.. နောက်ဆုံးမှာတော့ အကြိမ်ကြိမ် အဖန်ဖန် သေချာစဉ်းစားပြီး ပြိုင်ပွဲကနေ နှုတ်ထွက်လို့ သူ့မိန်းမ မီးဖွားချိန်မှာ သူကိုယ်တိုင် ဘေးနားမှာ ရှိနေဖို့ကို ရွေးချယ်လိုက်ပါတော့တယ်.. သူ့ဘ၀မှာ သူဘာကို ဦးစားပေး ရွေးချယ်သင့်တယ်ဆိုတာ သူသိပါတယ်.. မွေးလာမဲ့ ကလေးလေးအတွက် သူ့မက်ခဲ့ရတဲ့ စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်ဖို့ သူဆုံးဖြတ်လိုက်တာပါ..

သူသွားမပြိုင်ဖြစ်လိုက်တဲ့ ၄ယောက်လှော် ကနူးလှေပြိုင်ပွဲမှာ ဘီလ်မပါဝင်ခဲ့ပေမဲ့ သူတို့ အမေရိကန်နိုင်ငံ အသင်းက ရွှေတံဆိပ် ရရှိသွားခဲ့ပါတယ်.. ဒါပေမဲ့ ဘီလ်ရဲ့ ဇနီးကလည်း ကလေးလေးကို တော်တော်နောက်ကျပြီးမှ မီးဖွားခဲ့တာကြောင့် တကယ်တမ်း ဘီလ်ပြိုင်ပွဲကို သွားပြိုင်ခဲ့မယ် ဆိုရင်တောင် ပြန်လာတဲ့အချိန်နဲ့ ကလေးမီးဖွားချိန်ဟာ အချိန်မှီနိုင်တဲ့ အနေအထားပါ။ လူတွေအားလုံးက ဘီလ်ရဲ့ အဖြစ်အပျက်ကိုကြည့်ပြီး ရှက်စရာ ကောင်းတယ်.. ဘီလ် ဆုံးဖြတ်ချက်မှားတယ်လို့ ဝေဖန်ကြပေမဲ့ ဘီလ်ဟေဗင်က “သူ့ဘ၀မှာ ဘယ်ဟာက အရေးအကြီးဆုံးဆိုတာ သူ့ကိုယ်သူသိပါတယ်.. မွေးဖွားလာမဲ့ သူ့သားအတွက်၊ သူ့မိသားစုအတွက် အကောင်းဆုံး ဖခင်တစ်ယောက် ဖြစ်ချင်ပါတယ်.. ရွှေတံဆိပ်ဆိုတာ အခွင့်သင့်ရင် နောက်တစ်ကြိမ်မှာ ရအောင်ယူနိုင်ပေမဲ့ သူ့သားမွေးဖွားချိန်ကို သူ့ဘ၀မှာ နောက်တစ်ကြိမ် ထပ်ကြုံမှာ မဟုတ်တော့ပါဘူး… ဒါကြောင့် သူမှန်တယ်ထင်လို့ စဉ်းစားရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် နည်းနည်းမှ နောင်တမရပါဘူး” လို့ပြောပါတယ်..

ဘီလ်ဟေဗင်ရဲ့ စိတ်ဝင်စားစရာ နောက်ဆက်တွဲအကြောင်းအရာက သူ့မိန်းမဟာ သားယောက်ျားလေးကို မွေးဖွားခဲ့ပြီး သားလေးကို ဖရန်ခ့်ဟေဗင် လို့ နံမည်ပေးလိုက်ကြပါတယ်.. နောင်နှစ်ပေါင်း ၂၈နှစ်ကြာလို့ ၁၉၅၂ခုနှစ်ရောက်တဲ့အချိန်မှာတော့ ဘီလ်ဟာ နိုင်ငံရပ်ခြားက ကြေးနန်းတစ်စောင် လက်ခံရရှိပါတယ်.. အဲဒီကြေးနန်းဟာ ၁၉၅၂ခုနှစ် အိုလံပစ်ပွဲတော်ကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပတဲ့ ဖင်လန်နိုင်ငံကနေ သူ့သားဖရန်ခ့်က ပို့လိုက်တာ ဖြစ်ပါတယ်… ကြေးနန်းထဲမှာ ပါတာက “ ဒယ်ဒီ…. သား မွေးဖွားမဲ့အချိန်နဲ့ တိုက်နေတာကြောင့် ဒက်ဒီ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ရွှေတံဆိပ်ကို သား အရယူလိုက်ပါပြီ.. မကြာခင် ရွှေတံဆိပ်နဲ့အတူ အိမ်ပြန်လာပါတော့မယ်..” ဆိုတဲ့ စာသားတွေဘဲ ဖြစ်ပါတယ်..

ဟုတ်ပါတယ်.. ဖရန်ခ့်ဟာ ကနူးလှေပြိုင်ပွဲမှာ အမေရိကန်နိုင်ငံအတွက် ရွှေတံဆိပ် ဆွတ်ခူးပေးခဲ့ပါပြီ. သူ့အဖေ အမြဲမက်ခဲ့ရပေမဲ့ သားဖြစ်သူ ဖရန်ခ့်ကြောင့် စွန့်လွှတ်လိုက်ရတဲ့ အိပ်မက်၊ ဖခင်ဖြစ်သူ အကောင်အထည်မဖော်ဖြစ်ခဲ့တဲ့ အိပ်မက်ကို သား ဖရန်ခ့်ကဘဲ အသက်သွင်းပြီး ရွှေတံဆိပ်ကို ဆွတ်ခူးပေးလိုက်တာ ဖြစ်ပါတယ်..

ဒါကြောင့်လဲ ဘီလ်အမြဲပြောတာက “လုပ်သင့်လုပ်ထိုက်တာ တစ်ခုကို လုပ်မယ်လို့ အကောင်းဆုံး ဆုံးဖြတ်ပြီးပြီဆိုရင် ဘယ်တော့မှ နောင်တ မရပါနဲ့တဲ့”

Steve Goodier ရဲ့ No Regrets ကို ဘာသာပြန် မျှဝေပါသည်။

(အစိမ်းရောင်လွင်ပြင်မှ ကူးယူတင်ပြထားသည်)

ကရင်သက္ကရစ် ၂၇၅၁-ခုနှစ် ပြာသိုလ္ဆန်း (၁) ရက်နေ့တွင် ကျနော်တို့ကရင်တိုင်းရင်းသားထုတစ်ခုလုံးရဲ့နှစ်သစ် မင်္ဂလာအခါတော်နေ့ဖြစ်ပါသည်။ ကရင်နှစ်သစ်ကူးပွဲတော်ကို ပြည်တွင်း၊ပြည်ပမှာရှိနေကြတဲ့ကရင်တိုင်းရင်းသား အသီးသီးတို့က မိမိတို့နေထိုင်ရာဒေသအလိုက်စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်ကို အင်တာနက်စာမျက် နှာများမှတစ်ဆင့် မြင့်တွေ့ရှုစားကြရပါသည်။

ထိုအသီးသီးကျင်းပခဲ့ကြရာတွင် ကျနော့်အနေဖြင့် ဖေ့စ်ဘွတ်စာမျက်နှာမှ မြင်တွေ့ခဲ့ရသော ဘားအံ၊ တောင်းက လေးတွင် ကျင်းပခဲ့သောကရင်နှစ်သစ်ကူးပွဲတော်ကို တစ်မူထူးခြားစွာနဲ့ ရိုးရာဓလေ့ကိုဖေါ်ကြူးနိုင်သော ကျင်းပ ရာမြင်ကွင်းနှင့် ၀တ်စားဆင်ယဉ်မှုတို့ပဲဖြစ်တယ်။ အဲဒီမြင်ကွင်းဓာတ်ပုံကိုအမှတ်တရဖြစ်စေဖို့ရန်နဲ့ မကြည့်ရှုမခံ စားရသေးသော ကရင်တိုင်းရင်းသားညီ၊ကို၊ မောင်၊နှမများတို့အား ကြည့်ရှုခံစားနိုင်ရန်ဒီဆိုက်ပေါ်မှာပြန်လည် တင်ဆက်ခြင်းဖြစ်ပါတယ်။ ကြည့်ရှုတော်မူကြပါခင်ဗျား….















ဇွဲကပင်ပညာဒါနအသင်း၏ ဖွဲ့စည်းပုံနှင့်အသင်း၏ရည်ရွယ်ချက်အကျဉ်း

၁။ အသင်း၏အမည် = ဇွဲကပင်ပညာဒါနအသင်း (၂၃-၁-၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်သည်။)

၂။ အသင်း၏တည်နေရာ = ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

၃။ အသင်း၏ရည်ရွယ်ချက် = ပညာထူးချွန်ထက်မြက်သော ကရင်အမျိုးသားရဟန်းတော်များ ပေါ်ထွန်းလာစေရန်အတွက် အထောက်အပံ့များ ကူညီထောက်ပံ့ လှူဒါန်းရန်။

၎။ အသင်းဖွဲ့စည်းပုံ = အောက်ပါအတိုင်း အလုပ်အမှုဆောင်ကော်မတီဖြင့် ဖွဲ့စည်း ဆောင်ရွက်သည်။ အလုပ်မှုဆောင်ကော်မတီတွင်--

၁) နာယကဆရာတော်များ

၂) ဥက္ကဋ္ဌဆရာတော်

၃) ဒု- ဥက္ကဋ္ဌဆရာတော်

၎) အကျိုးတော်ဆောင် ဆရာတော်

၅) တွဲဖက်အကျိုးတော်ဆောင်ဆရာတော်

၆) ဘဏ္ဍာရေးမှုးဆရာတော်

၇) တွဲဖက်ဘဏ္ဍာရေးမှူးဆရာတော်

၈) အဖွဲ့ဝင်ဆရာတော်များဖြင့် ဖွဲ့စည်းဆောင်ရွက်သည်။

၅။ အလုပ်အမှုဆောင်ဆရာတော်များ၏သက်တမ်းသည် (၃) နှစ်ဖြစ်သည်။

၆။ အသင်း၏လုပ်ငန်းစဉ် = နိုင်ငံခြားတက္ကသိုလ်/ကောလိပ်တစ်ခုခုတွင် တက်ရောက် ပညာသင်ယူ/ သင်ကြားနေသော ကရင်အမျိုးသားရဟန်းတော်များအား ပညာဒါနအလှူငွေ လှူဒါန်းထောက်ပံ့ခြင်း၊ အသင်း၏ရန်ပုံငွေရှာဖွေခြင်းတို့ဖြစ်သည်။

၇။ အသင်း၏ အလုပ်အမှုဆောင်များသည် အကြောင်းအမျိုးမျိုးကြောင့် တာဝန်မထမ်းဆောင်နိုင်ခဲ့ သော် အသင်း၏ အလုပ်အမှုဆောင်ကော်မတီသို့ အကြောင်းကြား၍ နှုတ်ထွက်နိုင်သည်။

၈။ ဇွဲကပင်ပညာဒါနအသင်းသည် မိသားစုအသွင်ဆောင်သောအသင်းမျိုးဖြစ်သောကြောင့် အသင်း၏တာဝန်များကို ဆောင်ရွက်ရာတွင် မိသားစုစိတ်ဓာတ်ဖြင့် ၀ိုင်းဝန်းဆောင်ရွက်ခြင်း၊ ကရင်အမျိုးသားများ ပညာထူးချွန်ထက်မြက်လာပြီး အမျိုးဘာသာ၊ သာသနာဖွံ့ဖြိုး တိုးတက်စေရန် ဟူသော စိတ်ဖြင့် ညီညီညွတ်ညွတ်ဆောင်ရွက်ခြင်း စသည်တို့ဖြစ်သည်။

၉။ အသင်း၏ဖွဲ့စည်းပုံနှင့် စည်းမျဉ်း စည်းကမ်းစသည်တို့ကို အခြေအနေအားလျော်စွာ ပြုပြင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်းစသညိ ပြုလုပ်နိုင်သည်။

၁၀။ အသင်း၏အမှုဆောင်နှင့် အသင်းဝင်များသည် အသင်း၏ရည်ရွယ်ချက်များကို ထိရောက်စွာ အကောင်အထည်ဖေါ်ဆောင်နိုင်ရေးအတွက် အသင်းကို ကိုယ်စားပြုသော စည်းရုံး ဟောပြောမှုများကို အခါအခွင့်အားလျော်စွာဆောင်ရွက်သွားကြရန်ဖြစ်သည်။

ဤဇွဲကပင်ပညာဒါနအသင်း၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များကို ၃၁ - ၃ - ၂၀၀၈ နေ့တွင် အောက်ပါအတိုင်း အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည်။

(က) အသင်း၏နာယကဆရာတော်များ

၁) ဘဒ္ဒန္တ ဝေဒေဟသာမီဘိဝံသ ရန်ကုန် Myanmar

၂) ဘဒ္ဒန္တ ဇောတိက ရန်ကုန်(န.ပ.သ) Myanmar

၃) ဘဒ္ဒန္တပညာသာမိ (တောင်ကလေး)

၎) ဘဒ္ဒန္တ ကုမာရ ထီဖိုးစံ Thailand

၅) ဘဒ္ဒန္ဆ ပုည ထီဖိုးစံ Thailand

၆) ဘဒ္ဒန္တ ပညာဝံသ နောင်ဘို Australia

(ခ) ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဆရာတော်များ

ဥက္ကဌဆရာတော် = ဦးဣန္ဒာစာရ

ဒုတိယ ဥက္ကဌဆရာတော် = ဦးမေဓာနန္ဒ

အကျိုးတော်ဆောင် ဆရာတော် = ဦးနာဂ၀ံသ

တွဲဘက်အကျိုးတော်ဆောင် ဆရာတော် = ဦးဉာဏသာမိ

ဘဏ္ဍာရေးမှူး = ဦးကုဝေရ

တွဲဘက် ဘဏ္ဍာရေးမှူး = ဦးပညာဇောတ

(ဂ) သတင်းနှင့်ပြန်ကြားရေးဆရာတော်များ

၁) ဦးနာဂ၀ံသ (က်ုကျောဝ်) ထိုင်း

၂) ဦးမေဓာနန္ဒ (ထီ့ဖေါဟ်စင်) သီရိလင်္ကာ

၃) ဦးတေဇနိယ (ခ်ုလိုဒ့်ဆင့်မောဝ်ထုင်း) သီရိလင်္ကာ

၎) ဦးသုဇန ( ဏံင်းမျးလွဲာ) အိန္ဒိယ

(ဃ) ပညာတော်သင်မော်နီတာရဟန်းတော်များ

၁) ဦးကုဝေရ ( ဏံင်းမျးလွဲာ) အိန္ဒိယ

၂) ဦးဂုဏသာမိ ( ထဲုးမင်ထောဝ်) သီရိလင်္ကာ

မှတ်ချက်။ ကျန်သော ပညာတော်သင် ရဟန်းတော်များအားလုံးသည် အလုပ်အမှုဆောင်အဖွဲ့၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။

လ်ုခါန်ၟမ်ုညာဖႜုံ+ယှင်မာန်နဲာကျာ်သယ်လ်ုဖး

Recent Posts

သာလ်ုဖံႜုးလှ်...

ဘာၟသာ့ကါင်ဖါ၊ လင်ဍာယာင်ယှး၊ လု္ဘးဍံင်သီး၊ ပ်ုသီးမွဲာဆိုဒ်လ်ုမိင်လှ်။

ဆ်ုခႜါင်အးထိုင့်၊ လူၟဃှိုင့်ဃှဲ့စွး၊ လု္ဘးဍံင်သီး၊ ပ်ုသဲုးမွဲာဆိုဒ်လ်ုမိင်လှ်။

ဆူ့ကေ၀်လိက်ခ၀့်၊ လူၟသ၀့်အးထ၀်၊ လ်ုမ၀့်မှ်သီး၊ ပ်ုသဲုးမွဲာဆိုဒ်လ်ုမိင်လှ်။

လာၟဏင့်္ဘိုဝ်သီး-- ထူ့ရူ့မုင်ၟ္ဘျာ၊ အ်ုလိုဒ်ၟအ်ုလာ၊ ၀ီၟဟှယ့်စွာဏှ်၊္ဘးဍံင်လောဟ်သာထၞာၟလှ်။

စင်ၟ္ဘိုဝ်- ဘာၟသာ့လင်ၟဍာ၊ အးဖါဆ်ုခႜာင်၊ လိက်ကါင်ဖါဏင့်၊ ခႜဳိ၀္လင္သာဖႜဳံ၊ အှ်ကုံ္ဘးလဲ၊သာအဲဆိုဒ်ဏှ် ၊္ဘးအှ်ထီ့ဆာလ်ုဖႜုံးလှ်။

ခေါဟ်လံင်ဖါသိုင့် စ၀်မယ်ထှ်

ဇွဲကပင်ကို ဗဟိုပြု၍

+ သူ့ရဲ့မွေးဖွားခြင်းအစ ဘယ်သူမှမသိ၊ ဒါပေသိ……..


သူ့သမိုင်း သူ့ရာဇ၀င်၊ အမှန်ပင် တကယ်ရှိခဲ့တယ်၊ သူ့မှာ ကဗျာနဲ့ စာပေနဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးစုနဲ့၊ အနုပညာနဲ့ ရိုးရာနဲ့ ၊ ဒီချစ်စရာ အမွေအနှစ်တွေ၊ သူ့မြေမှာ သူစိုက်ပျိုး၊ တကယ်ပင် သူမြတ်နိုးခဲ့တယ်။


ရာသီဒဏ် မုန်တိုင်းကြားက သက္ကရာဇ်တွေ သူ့ကိုဖြို၊ အကြိမ်ကြိမ် သူအိုခဲ့ပေမည့် ၀န်ထုပ်ဝန်ပိုး သူမမှု၊ အသက်ရူသံ နုပျိုဆဲ။


အို…. ချစ်သော ဇွဲကပင် သင်ရင်ထဲက တေးသံ၊ လောက၏ ရင်သွေးကြား၊ သံစဉ်တွေ မှားချင်မှားမယ်၊ တွေဝေကာ စိတ်ပျက် သီဆိုသံ တိတ်လိုက်ပါနဲ့၊ ဒေါနတောင် ပြာပြာတန်းက ညင်သာသော ကျွဲချိုသံ၊ စဉ်လာမပျက် ကြွေးကြော်လျှက်ပါ၊


မြစ်သံလွင် နဒီကြောဆီက စည်းလုံးခြင်း သင်္ကေတ ဒုံးအက၊ စဉ်လာမပျက် က ပြလျှက်ပါ၊ ကိုးဒီနွယ်ဝင် ဧရာဝတီထံလည်း အားမာန်ပါတဲ့ ဖါးစည်သံ ကောင်းကင်ယံ ညံညံလျှက်ပါ။ စောနေမျိုး(ဒုံးယိမ်းမြေ)


႓းခႜဳိ၀္ထ၀္ၟ

ဍေပ်ုဆိုဒ်ဟှင်ၟ၊ စူးလင်ၟဏ်ုဝေ့၊ ဏင်ၟမိင်အေအှ်ထ၀်ၟဆေ၀်ၟအိုဝ်။

ဏင့်ဆာၟရုပ်သင့်၊ အင်းလယ်ဏင့်သီး၊ လင်မာၟလ်ုယ၀့်၊ ဏ်ုမိင်ခ၀့်ဍ၀်၊ က၀်တူလ်ုဆင့် အှ်ထင့်ကႜုလှ်။

စင်ၟ္ဘိုဝ်----- ဍေပ်ုဆိုဒ်ဟှင်ၟ၊ စူးလင်ၟဏ်ုဝေ့၊ ဏင်ၟမိင် ဏု ယု၊ မု္ဘးခႜိုဝ်ထ၀်ၟ ကိုဝ်ဟှာလှ်။

စ၀်ဖါန်မူၟလာ(ကဲုက်ုဆင့်စာင်း)

ဤဘလော့သည် ကရင်ဖေါင့်အတွက် Zwekabin မြန်မာစာအတွက် Zawgyi-One Fontတို့ကို အသုံးပြုထားပါသည်။ အကယ်၍ မိမိကွန်ပျူတာတွင် ထိုFontများ မရှိပါက ဒေါင်းလုဒ်ရယူပြီးမှ ဖတ်ရှု နိုင်မှာဖြစ်သည်။